SKT International School - Riverside Campus ရဲ့ Scholarship လျှောက်လွှာများ စတင်ခေါ်ယူနေပြီ။

Blog image
ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်တို့အတွက် အခွင့်အလမ်းကောင်းအဖြစ် Year 7မှ IGCSE ပြီးဆုံးသည်အထိ
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် SKT International School - Riverside Campus ရဲ့ Scholarship လျှောက်လွှာများ စတင်ခေါ်ယူနေပြီ။
သင့်ကလေးရဲ့ အနာဂတ်ပညာရေးအတွက် ထူးချွန်မှုကို အသိအမှတ်ပြုပေးမယ့် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ။ SKT International School မှာ ပညာရည်ထူးချွန်ပြီး စံပြဖြစ်တဲ့ ကျောင်းသား/သူတွေအတွက် ၉၀% နှင့် ၅၀% Scholarship တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

 Scholarship ရရှိသူများအားလုံးကို IGCSE (Year 11) ပြီးဆုံးသည်အထိ ပညာသင်ဆုပေးအပ်သွားမည်ဖြစ်ပါတယ်။
Scholarship ရရှိနိုင်မည့် အတန်းများနှင့် အရေအတွက်
ယခု 2026-2027 စာသင်နှစ်အတွက် ပညာသင်ဆု စုစုပေါင်း (၁၀) ဆုကို အောက်ပါအတိုင်း Scholarship ပေးအပ်သွားမှာပါ။
-Year 7 (Grade 6): ၂ ဆု (၉၀% တစ်ဦး၊ ၅၀% တစ်ဦး)
-Year 8 (Grade 7): ၂ ဆု (၉၀% တစ်ဦး၊ ၅၀% တစ်ဦး)
-Year 9 (Grade 8): ၂ ဆု (၉၀% တစ်ဦး၊ ၅၀% တစ်ဦး)
-Year 10 (Grade 9): ၄ ဆု (၉၀% နှစ်ဦး၊ ၅၀% နှစ်ဦး)

အရေးကြီးသည့် ရက်စွဲများ
-လျှောက်လွှာတင်နိုင်သည့်ကာလ: ၁၅ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ မှ ၁၃ရက်၊ မေလ၊ ၂၀၂၆ အထိ
-ပထမအဆင့် စာမေးပွဲ: ၁၈ရက်၊ မေလ၊ ၂၀၂၆
-ဒုတိယအဆင့် (Interview): ၂၀ရက်၊ မေလ၊ ၂၀၂၆

လျှောက်ထားရန် လိုအပ်ချက်များ
သက်ဆိုင်ရာ Grade အလိုက် အောင်မြင်ပြီးသူဖြစ်ရမည်။
အသက်ကန့်သတ်ချက် (၃၀ရက်၊ သြဂုတ်လ၊ ၂၀၂၆ တွင်)
-Year 7 (၁၂ နှစ်အောက်)
-Year 8 (၁၃ နှစ်အောက်)
-Year 9 (၁၄ နှစ်အောက်)
-Year 10 (၁၅ နှစ်အောက်)

လိုအပ်သည့် စာရွက်စာတမ်းများ
-မှတ်ပုံတင် (NRC) မိတ္တူ နှင့် မူရင်း
-နောက်ဆုံးရရှိထားသော ကျောင်းရလဒ်မှတ်တမ်း (Report Card)
-ဆရာ/မများထံမှ ထောက်ခံစာ (၂) စောင်
-ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၁) ပုံ
လျှောက်လွှာတင်ရန်နေရာ
SKT International School ၏ Riverside Campus တွင် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
ပညာသင်ဆုရရှိသူများသည် ပညာသင်ဆု ဆက်လက်ထိန်းသိမ်းနိုင်ရန် ကျောင်းစည်းကမ်းကို တိကျစွာလိုက်နာပြီး သတ်မှတ်ထားသော Grade (A/A*) ရမှတ်များကို ထိန်းသိမ်းထားနိုင်ရမည်ဖြစ်ပါသည်။
ထူးချွန်ထက်မြက်တဲ့ သင့်ကလေးရဲ့ အနာဂတ်ကို SKT နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ။  

Contact Us – SKT International School - Riverside Campus 
Email: contact.river@skt.edu.mm 
Address: 235, Shu Khinn Thar Myo Pat Rd. Thaketa Tsp, Yangon 
Phone: 019410010 | 019410020 | 09456481970

Comments

Add a Comment

Call Now