၂၀၂၆ နွေရာသီသင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံနေပါပြီ။

Blog image
SKT International School - City Campus - ၂၀၂၆ နွေရာသီသင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံနေပါပြီ။
မိဘအုပ်ထိန်းသူများရှင် ...
ရင်သွေးငယ်များရဲ့ နွေရာသီအားလပ်ရက်ကို အဓိပ္ပာယ်ရှိရှိနဲ့ ပညာဗဟုသုတတွေ တိုးပွားစေဖို့အတွက် SKT Summer School Programme ကို ဖွင့်လှစ်လိုက်ပါတယ်။
ကျွန်မတို့ SKT မှာ နိုင်ငံတကာအဆင့် Cambridge Curriculum (CEFR Standard) ကို အခြေခံပြီး အင်္ဂလိပ်စာ အရည်အသွေးကို ထိရောက်စွာ မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုပုံစံ
ကျောင်းသား၊ ကျောင်းသူများ၏ နားထောင်ခြင်း၊ အပြော၊ အဖတ်၊ အရေး (4 Skills) လုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေရန် စနစ်တကျ ပြင်ဆင်ထားပါတယ်။ သင်ခန်းစာများကို စာအုပ်ထဲတွင်သာမက သီချင်းများ၊ ရုပ်ရှင်များနှင့် Interactive Games များမှတစ်ဆင့် သင်ကြားပေးခြင်းကြောင့် Visual, Auditory နှင့် Kinesthetic စသည့် သင်ယူမှုပုံစံ အမျိုးမျိုး ပါဝင်မည်ဖြစ်သောကြောင့် ကျောင်းသားကျောင်းသူများအတွက် များစွာအကျိုးရရှိစေနိုင်ပါမည်။
ဖွင့်လှစ်မည့် အတန်းများ:
KG to Year 2 Bridging Class
Level 1 မှ Level 7 အထိ သင်ရိုးများကို အဆင့်အလိုက် သင်ကြားပေးသွားပါမည်။

အစီအစဉ် အသေးစိတ်
သင်တန်းကာလ: ၁၆ မတ်လ ၂၀၂၆ မှ ၁၅ မေလ ၂၀၂၆ အထိ (၂ လတာ အစီအစဉ်)
ပိတ်ရက်: သင်္ကြန်ကာလအတွင်း (၁) ပတ် ပိတ်ပါမည်။
အချိန်: တစ်နေ့တာလုံး အစီအစဉ် (Full Day)
မနက်ပိုင်းတွင် နိုင်ငံခြားသား ဆရာ/ဆရာမများနှင့် အင်္ဂလိပ်စာ သင်ကြားပေးသွားမည်ဖြစ်ပြီး
နေ့လယ်စာစားပြီးနောက် ၁၄:၃၀ အထိ Conversation, Art, Computer, နည်းပညာနှင့် အားကစား လှုပ်ရှားမှုများလည်း ပါဝင်မည်ဖြစ်ပါတယ်။

အင်္ဂလိပ်စာအပြင် အခြားသော လှုပ်ရှားမှုများ
ကျောင်းသား၊ ကျောင်းသူများ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်စေရန် အောက်ပါ အစီအစဉ်များကိုလည်း ထည့်သွင်းထားပါတယ်။
အားကစား: Table Tennis, Gymnastics, Taekwondo, Dance နှင့် ရေကူးခြင်း (လစဉ် ၁ ကြိမ်)။
ပြိုင်ပွဲများ: ပုံပြောပြိုင်ပွဲ (Junior)၊ စကားရည်လုပွဲ (Senior)၊ ပန်းချီပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ။
အထူးအစီအစဉ်: နွေရာသီ ပျော်ပွဲရွှင်ပွဲနှင့် Field Trips လေ့လာရေးခရီးစဉ်များ။

ရရှိမည့် အထူးအခွင့်အရေးများ
Original Textbooks: ၃၅ ဒေါ်လာ တန်ဖိုးရှိ Cambridge မူရင်းဖတ်စာအုပ်နှင့် Workbook များ (အခမဲ့)။
SKT Summer T-shirt: အမှတ်တရ တီရှပ်တစ်ထည်။
Certificate & Report Card: သင်တန်းပြီးဆုံးပါက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရမှတ်မှတ်တမ်း။
Placement Test (အဆင့်စစ်ဆေးခြင်း)

ကျောင်းသား/သူသစ်များအတွက် Placement Test ကို အခမဲ့ စစ်ဆေးပေးသွားမည် ဖြစ်ပါသည်။
ကျောင်းသား၊ ကျောင်းသူများအတွက် အကောင်းဆုံးသော နွေရာသီ ပညာရေးခရီးစဉ်ကို SKT International School နှင့်အတူ အခုပဲ စတင်လိုက်ပါ။

Comments

Add a Comment

Call Now