Cambridge Checkpoint နဲ့ စာမေးပွဲအဆင့်တွေက ဘာတွေလဲ
မိဘတော်တော်များများက Year 6, Year 9 နဲ့ Year 11 မှာ ဖြေဆိုရတဲ့ Cambridge စာမေးပွဲတွေက ဘာလဲ၊ ဘယ်လောက်အရေးကြီးသလဲဆိုတာကို မကြာခဏ မေးလေ့ရှိကြပါတယ်။ Cambridge Assessment International Education က အသိအမှတ်ပြုထားတဲ့ SKT International School မှာဆိုရင် ကလေးတွေရဲ့ ပညာရေးခရီးလမ်းမှာ အရေးကြီးတဲ့ မှတ်တိုင်တွေဖြစ်တဲ့ Checkpoint နဲ့ အရည်အချင်းစစ် စာမေးပွဲတွေကို စနစ်တကျ ဖြေဆိုကြရပါတယ်။ အဆင့်တစ်ခုချင်းစီက ဘာကို ဆိုလိုသလဲဆိုတာ သေချာရှင်းပြပေးချင်ပါတယ်။
Year 6 - Cambridge Primary Checkpoint
မူလတန်းအဆင့် (Primary) အဆုံးမှာ ကျောင်းသားတွေဟာ English, Mathematics နဲ့ Science ဘာသာရပ်တွေကို ဖြေဆိုကြရပါတယ်။ ဒီစာမေးပွဲတွေဟာ
-
ကလေးရဲ့ အဓိကဘာသာရပ်တွေအပေါ် နားလည်မှုကို တိုင်းတာပေးပါတယ်။
-
နိုင်ငံတကာ စံနှုန်းတွေနဲ့ နှိုင်းယှဉ်ပြီး ကလေးရဲ့ Level ကို သိရှိနိုင်ပါတယ်။
-
ကလေးရဲ့ အားသာချက်နဲ့ ပြုပြင်ရမယ့် အချက်တွေကို ဖော်ထုတ်ပေးပါတယ်။
-
အလယ်တန်း (Lower Secondary) အဆင့်အတွက် အကောင်းဆုံး ပြင်ဆင်ပေးပါတယ်။
မှတ်ချက်။ ဒါက "အောင်/ရှုံး (Pass/Fail)" သတ်မှတ်တဲ့ စာမေးပွဲမျိုး မဟုတ်ဘဲ ကလေးရဲ့ ပညာရေးတိုးတက်မှုကို အနီးကပ် လမ်းညွှန်ပေးနိုင်ဖို့အတွက် အထောက်အကူပြုတဲ့ တိုင်းတာမှု (Diagnostic Tool) တစ်ခုပဲ ဖြစ်ပါတယ်။
Year 9 - Cambridge Lower Secondary Checkpoint
အလယ်တန်းအဆင့် (Lower Secondary) အဆုံးမှာ ဖြေဆိုရတာဖြစ်ပြီး ဒီအဆင့်မှာ
-
IGCSE တက်ရောက်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကို စစ်ဆေးပါတယ်။
-
စာမေးပွဲဖြေဆိုတဲ့ စွမ်းရည်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို တည်ဆောက်ပေးပါတယ်။
-
Year 10 ရောက်တဲ့အခါ ဘယ်ဘာသာရပ်တွေကို ရွေးချယ်သင့်သလဲဆိုတာကို ဆရာ၊ ဆရာမတွေက မှန်မှန်ကန်ကန် အကြံပေးနိုင်ဖို့ ကူညီပေးပါတယ်။
ဒီအဆင့်ကတော့ အထက်တန်းအဆင့်ကို မတက်ခင်မှာ ကလေးရဲ့ ပညာရေးအခြေခံ ဘယ်လောက်ခိုင်မာသလဲဆိုတာကို သေချာအောင် လုပ်ဆောင်ပေးပါတယ်။
Year 11 - IGCSE Examination
Year 11 မှာတော့ ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြုထားတဲ့ International General Certificate of Secondary Education (IGCSE) စာမေးပွဲကို ဖြေဆိုရပါတယ်။ IGCSE ဆိုတာက
-
နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ကောလိပ်တွေက လက်ခံအသိအမှတ်ပြုထားပါတယ်။
-
ဘာသာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်လာအောင် ပျိုးထောင်ပေးပါတယ်။
-
ခွဲခြမ်းစိတ်ဖြာတွေးခေါ်မှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို မြှင့်တင်ပေးပါတယ်။
-
A-Levels ဆက်တက်ဖို့အတွက် အဓိက လိုအပ်ချက်ပဲ ဖြစ်ပါတယ်။
IGCSE ရလဒ်တွေဟာ Cambridge International A-Levels တက်ရောက်ဖို့နဲ့ အနာဂတ် တက္ကသိုလ်ဝင်ခွင့်တွေအတွက် အလွန်ပဲ အရေးကြီးပါတယ်။
Checkpoints တွေက မိဘတွေအတွက် ဘာကြောင့် အရေးကြီးတာလဲ
Cambridge Checkpoints တွေကတစ်ဆင့် မိဘတို့အနေနဲ့
-
ကလေးရဲ့ ပညာရေးအဆင့်အတန်းကို နိုင်ငံတကာစံနှုန်းနဲ့ တိုင်းတာကြည့်နိုင်ပါတယ်။
-
ပညာရေးတိုးတက်မှု မှတ်တမ်းတွေကို တိတိကျကျ သိရှိနိုင်ပါတယ်။
-
ကလေးရဲ့ အားနည်းချက်တွေကို စောစောစီးစီး သိရှိပြီး ပြုပြင်ပေးနိုင်ပါတယ်။
-
သင်ယူမှုအဆင့်တစ်ခုကနေ တစ်ခုကို အဆင်ပြေစွာ ကူးပြောင်းနိုင်စေပါတယ်။
ဒါဟာ ကလေးက အတန်းတက်သွားရုံတင်မဟုတ်ဘဲ ပညာရပ်ပိုင်းဆိုင်ရာမှာ တကယ်ရော တိုးတက်မှုရှိရဲ့လားဆိုတာကို ကျွန်ပ်တို့က သေချာအောင် လုပ်ဆောင်ပေးတာပါ။
Cambridge Pathway ကို ရွေးချယ်ခြင်းဟာ စနစ်ကျတဲ့ ပညာရေးမှတ်တိုင်တွေ၊ ကမ္ဘာ့အဆင့်စံနှုန်းတွေနဲ့ ကလေးရဲ့ ပညာရေးကို အစဉ်တစိုက် စောင့်ကြည့်ပေးမယ့် လမ်းကြောင်းကို ရွေးချယ်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးရဲ့ တိုးတက်မှုကို တိတိကျကျ တိုင်းတာပေးနိုင်ပြီး ကမ္ဘာ့အလယ်မှာ အောင်မြင်မှုတွေ ရရှိစေမယ့် ပညာရေးအတွက် ဒီနေ့ပဲ ရင်းနှီးမြှုပ်နှံလိုက်ပါ။
What Are Cambridge Checkpoint & Examination Stages? A Guide for Parents
At SKT International School, students follow a structured international pathway with important academic milestones called Checkpoint and qualification examinations.
Year 6 Cambridge Primary Checkpoint
At the end of Primary, students take tests in English, Mathematics, and Science. These exams measure core understanding and provide international benchmarking while they identify strengths to prepare students for Lower Secondary. This is a diagnostic tool used to guide academic progress.
Year 9 Cambridge Lower Secondary Checkpoint
This stage evaluates readiness for IGCSE and develops exam skills. It also helps teachers guide subject selection for Year 10 and ensures students are academically prepared before they enter senior secondary.
Year 11 IGCSE Examination
The IGCSE is globally recognised by universities worldwide. It develops subject mastery and analytical skills and these results are crucial for progressing to Cambridge International A Level and future university pathways.
Why Checkpoints Matter for Parents
Cambridge Checkpoints provide objective progress reports and allow for the early identification of academic gaps. They ensure your child is not just moving up grades but truly progressing academically towards global success.
#SKTInternationalSchool #CambridgeCheckpoint #IGCSE #CambridgePathway #InternationalEducation #EducationExcellence #MyanmarInternationalSchool